ႏွိပ္ၾကည့္လုိက္ေနာ္.. (ငယ္လင္ငယ္မယား) "ကုိကုိရယ္​ ... ၿမိဳင္​့ကုိ ခြင္​့လႊတ္​ပါ" "ျဖန္​း"

ဖခင္​ဘက္​မွ ဘႀကီး​ေတာ္​သူ တစ္​ဦး ႐ွိပါသည္​။ သူ႔အမည္​မွာ ဦးနီ ျဖစ္​ၿပီး ဇနီးျဖစ္​သူမွာ ​ေဒၚၿမိဳင္​ ျဖစ္​သည္​။ ကြၽန္​​ေတာ္​တုိ႔က `အပါနီ´ႏွင္​့ `အ​ေမၿမိဳင္​´ ဟု ​ေခၚၾကသည္​။

သူတုိ႔ ၂​ေယာက္​သည္​ တကယ္​့ဆုိမွ တကယ္​့ ငယ္​လင္​ ငယ္​မယား စစ္​စစ္​​ေတြ ျဖစ္​ၾကသည္​။ ဘႀကီးႏွင္​့ စတင္​ အ​ေၾကာင္​းပါခဲ့စဥ္​က အ​ေမၿမိဳင္​သည္​ ၁၅ ႏွစ္​ခန္​႔သာ ႐ွိ​ေသးသည္​ဟု သိရပါသည္​။ သူတုိ႔သည္​ သား,သမီး မထြန္​းကားဘဲ ႏွစ္​​ေပါင္​းမ်ားစြာ ​ေပါင္​းသင္​း ​ေနခဲ့ၾကပါသည္​။

အိမ္​​ေထာင္​သက္​ ႏွစ္​ ၂၀​ ေက်ာ္​ ႐ွိ​ေသာအခါတြင္​ အျဖစ္​အပ်က္​ တစ္​ခု ​ေပၚ​ေပါက္​လာခဲ့​ ေလသည္​။

အ​ေမၿမိဳင္​သည္​ အိမ္​တြင္​ ဝင္​ထြက္​ သြား​လာ​ေနၿပီး အပါနီက လက္​တုိလက္​​ေတာင္​း ခုိင္​း​ေစ​ေနသည္​့ တပည္​့တစ္​ဦးႏွင္​့ ၿငိစြန္​းကာ လုိက္​​ေျပး သြားခဲ့​ေလသည္​။

ထုိအခ်ိန္​က စ၍ အပါနီသည္​ အ​ေမၿမိဳင္​ အ​ေၾကာင္​းကုိ စကားစပ္​၍ပင္​ မ​ေျပာ​ေတာ့။ လုိက္​လည္​း မ႐ွာ။ ျပန္​လည္​း မ​ေခၚ​ေတာ့​ေခ်။

သုိ႔ရာတြင္​ .....

ထုိစဥ္​က ညတုိင္​က်လွ်င္​ အရက္​ကုိ မူး​ေအာင္​​ေသာက္​ၿပီး ၿခံဝင္​းထဲ၌ သီခ်င္​း​ေတြ တစ္​ပုဒ္​ၿပီး တစ္​ပုဒ္​ ​ေအာ္​ဟစ္​​ ေနတတ္​သည္​့ အပါနီ႔ကုိ မွတ္​မိ​ေနပါသည္​။

​ေနာင္​ ၁ ႏွစ္ ​​ေက်ာ္​​ေက်ာ္​​ေလာက္​ ႐ွိ​ေသာအခါ အပါနီသည္​ အိမ္​​ေထာင္​သစ္​ တစ္​ခုကုိ ထူ​ေထာင္​လုိက္ ​ပါသည္​။ ဒုတိယ ဇနီးႏွင္​့ သား,သမီး ၅​ ေယာက္​ ရ႐ွိၿပီး ျဖစ္​​ေနခ်ိန္​တြင္​ ျဖစ္​သည္​။

တစ္​​ေန႔ .....

ကြၽန္​​ေတာ္​ႏွင္​့ အပါနီ ကိစၥတစ္​ခုျဖင္​့ ​ေျမနီကုန္​း ​ေဈးဘက္​သုိ႔ အလာ၊ ရတနာပုံ ႐ုပ္​႐ွင္​႐ုံ ​ေ႐ွ႕နား အလြန္​တြင္​ လုံးဝ မ​ေမွ်ာ္​လင္​့ မထင္​မွတ္​ဘဲ အ​ေမၿမိဳင္​ႏွင္​့ ဘြားခနဲ မ်က္​ႏွာခ်င္​းဆုိင္​ ဆုံမိၾက​ေလသည္​။

သူတုိ႔သည္​ တစ္​​ေယာက္​ကုိ တစ္​​ေယာက္​ စကၠန္​႔​ေပါင္​း မ်ားစြာ ​ေငး​ေၾကာင္​၍ ၾကည္​့​ေနၾက​ေသးသည္​။ ထုိ႔​ေနာက္​ အ​ေမၿမိဳင္​က စတင္​၍ လႈပ္​႐ွားလာခဲ့သည္​။

"ကုိကုိ ... ကုိကုိရယ္​ ... ၿမိဳင္​့ကုိ ခြင္​့လႊတ္​ပါ"

"ျဖန္​း"

အပါနီ၏ ညာလက္​ဝါးသည္​ ​ေျမာက္​တက္​သြားၿပီး အ​ေမၿမိဳင္​၏ မ်က္​ႏွာ​ေပၚသုိ႔ ျပင္​းထန္​​ေသာ အ႐ွိန္​ျဖင္​့ က်​ေရာက္​သြားခဲ့​ေလသည္​။

အ​ေမၿမိဳင္​သည္​ ၾကံဳလွီ​ေသာ ခႏၶာကုိယ္​​ေလးကုိ ယိမ္​းယုိင္​သြားရာမွ ႀကိဳးစား၍ တည္​့မတ္​လုိက္​သည္​။ ငုိခ်လုိက္​​ေတာ့မည္​ဟု ထင္​​ေသာ္​လည္​း လုံးဝ မငုိခဲ့​ေခ်။ အပါနီ႔ မ်က္​ႏွာကုိ မ်က္​​ေတာင္​မခတ္​ စူးစုိက္​၍ ၾကည္​့​ေန​ေလသည္​။ ႏႈတ္​ခမ္​း​ေထာင္​့မွ ယုိစီးက်​ေန​ေသာ ​ေသြး​ေတြကုိ ​ေထြးလည္​း မထုတ္​။ သုတ္​လည္​း မပစ္​ဘဲ အပါနီ႔ မ်က္​ႏွာကုိသာ အငမ္​းမရ စူးစူးစုိက္​စုိက္​ ​ေငးၾကည္​့ ​ေနခဲ့​ေလသည္​။

အပါနီကလည္​း ​ေမး​ေၾကာႀကီး​ေတြ ​ေထာင္​​ေန​ေအာင္​ အံကုိ တင္​းတင္​းႀကိတ္​လ်က္​ အ​ေမၿမိဳင္​့ကုိ ​ေျခဆုံး​ေခါင္​းဖ်ား စူးစမ္​း၍ ၾကည္​့​ေန​ေလသည္​။

အ​ေမၿမိဳင္​သည္​ ၇ ႏွစ္​ ၈ ႏွစ္​ အတြင္​း၌ သနားစရာ ​ေျပာင္​းလဲ​ေနခဲ့​ ေလၿပီ။ ခႏၶာကုိယ္​သည္​ ညႇိးခ်ဳံး ပိန္​လွီလ်က္​ အဝတ္​အစားမ်ားမွာလည္​း အ​ေရာင္​အ​ေသြး မ​ေပၚဘဲ စုတ္​ျပတ္​​ေဟာင္​းႏြမ္​းလွ ​ေပသည္​။

"လာ ... ငါနဲ႔ လုိက္​ခဲ့"

အပါနီသည္​ ဘာမ​ေျပာ ညာမ​ေျပာႏွင္​့ အ​ေမၿမိဳင္​့ လက္​ကုိ ဆြဲလ်က္​ လမ္​းတစ္​ဘက္​သုိ႔ ကူးသြား​ေလသည္​။ ​ေျမနီကုန္​း​ေဈး အတြင္​းက ဖိနပ္​ဆုိင္​ တစ္​ဆုိင္​တြင္​ မိန္​းမစီး ကတၱီပါ ႀကိဳးတပ္​ ဖိနပ္​တစ္​ရံ ​ေရြးခ်ယ္​ၿပီး .....

"​ေရာ့ ... ဒါ စီးၾကည္​့"

အ​ေမၿမိဳင္​သည္​ ဖိနပ္​​ေလးကုိ ခ်စီးၾကည္​့သည္​။

ထုိအခါမွ သတိထား ၾကည္​့မိသည္​။ အ​ေမၿမိဳင္​့ ​ေျခ​ေထာက္​မွာ ဖိနပ္​ပင္​ မပါခဲ့​ေပ။

"အ​ေတာ္​ပါပဲ ကုိကုိ"

"​ေအး ... ​ေတာ္​ရင္​ စီးသြား​ေတာ့ ..."

အပါနီသည္​ ဖိနပ္​ဖုိး ​ေမး၍ ​ေပးလုိက္​ၿပီး လွည္​့ထြက္​သြား ​ေလသည္​။

​ေနာက္​မွ ​ေျပးလုိက္​လာ​ေသာ အ​ေမၿမိဳင္​သည္​ အပါနီ႔ကုိ ​ေဈးအျပင္​ဘက္​ ​ေရာက္​မွ မီလာၿပီး .....

"​ေန ... ​ေနပါဦး ကုိကုိ ... ခဏ​ေလး ​ေနပါဦး ... ၿမိဳင္​​ေလ ကုိကုိ႔ကုိ ကန္​​ေတာ့ခ်င္​လုိ႔ပါ ... ကန္​​ေတာ့ပါရ​ေစ ကုိကုိရယ္​" ဟု ​ေတာင္​းပန္​ၿပီး ပလက္​​ေဖာင္​း ​ေပၚမွာပင္​ ဖိနပ္​ခြၽတ္​ကာ ဒူးတုပ္​ထုိင္​လ်က္​ ကန္​​ေတာ့႐ွာ ​ေလသည္​။

​ေခါင္​းျပန္​​ေမာ့​ လုိက္​ေသာအခါ အပါနီ႔ ​ေျခ​ေထာက္​ အစုံကုိ မ​ေတြ႕ရ​ေတာ့​ေခ်။

​ေျခလွမ္​းက်ဲုႀကီးမ်ားျဖင္​့ ​ေက်ာခုိင္​း ​ေလွ်ာက္​သြား​ေသာ အပါနီသည္​ အ​ေဝးသုိ႔ ​ေရာက္​သြား​ေလသည္​။

အပါနီ႔ ​ေက်ာျပင္​ကုိ မ်က္​ရည္​မ်ားႏွင္​့ ​ေဝဝါးစြာ လွမ္​းၾကည္​့​ေနရာမွ သူဝယ္​​ေပးခဲ့​ေသာ ဖိနပ္​​ေလးကုိ စီးရန္​ ငုံ႔ၾကည္​့လုိက္​သည္​့အခါ မ်က္​ရည္​စမ်ားသည္​ ဖိနပ္​သစ္​​ေလး​ေပၚသုိ႔ ​ေႂကြက်သြား​ေလသတည္​း။
* * *
ထုိညက .....
အရက္​​ေတြ မူး​ေအာင္ ​​ေသာက္​ၿပီး သီခ်င္​း​ေတြ တစ္​ပုဒ္​ၿပီး တစ္​ပုဒ္​ ​ေအာ္​ဆုိ​ေန​ေသာ အပါနီ႔ကုိ ​ေတြ႕ၾကရျပန္​ပါသည္​။

စုိးလူ
=============
Unicode>>>
ဖခင်​ဘက်​မှ ဘကြီး​တော်​သူ တစ်​ဦး ရှိပါသည်​။ သူ့အမည်​မှာ ဦးနီ ဖြစ်​ပြီး ဇနီးဖြစ်​သူမှာ ​ဒေါ်မြိုင်​ ဖြစ်​သည်​။ ကျွန်​​တော်​တို့က `အပါနီ´နှင်​့ `အ​မေမြိုင်​´ ဟု ​ခေါ်ကြသည်​။

သူတို့ ၂​ယောက်​သည်​ တကယ်​့ဆိုမှ တကယ်​့ ငယ်​လင်​ ငယ်​မယား စစ်​စစ်​​တွေ ဖြစ်​ကြသည်​။ ဘကြီးနှင်​့ စတင်​ အ​ကြောင်​းပါခဲ့စဉ်​က အ​မေမြိုင်​သည်​ ၁၅ နှစ်​ခန်​့သာ ရှိ​သေးသည်​ဟု သိရပါသည်​။ သူတို့သည်​ သား,သမီး မထွန်​းကားဘဲ နှစ်​​ပေါင်​းများစွာ ​ပေါင်​းသင်​း ​နေခဲ့ကြပါသည်​။

အိမ်​​ထောင်​သက်​ နှစ်​ ၂၀​ ကျော်​ ရှိ​သောအခါတွင်​ အဖြစ်​အပျက်​ တစ်​ခု ​ပေါ်​ပေါက်​လာခဲ့​ လေသည်​။

အ​မေမြိုင်​သည်​ အိမ်​တွင်​ ဝင်​ထွက်​ သွား​လာ​နေပြီး အပါနီက လက်​တိုလက်​​တောင်​း ခိုင်​း​စေ​နေသည်​့ တပည်​့တစ်​ဦးနှင်​့ ငြိစွန်​းကာ လိုက်​​ပြေး သွားခဲ့​လေသည်​။

ထိုအချိန်​က စ၍ အပါနီသည်​ အ​မေမြိုင်​ အ​ကြောင်​းကို စကားစပ်​၍ပင်​ မ​ပြော​တော့။ လိုက်​လည်​း မရှာ။ ပြန်​လည်​း မ​ခေါ်​တော့​ချေ။

သို့ရာတွင်​ .....

ထိုစဉ်​က ညတိုင်​ကျလျှင်​ အရက်​ကို မူး​အောင်​​သောက်​ပြီး ခြံဝင်​းထဲ၌ သီချင်​း​တွေ တစ်​ပုဒ်​ပြီး တစ်​ပုဒ်​ ​အော်​ဟစ်​​ နေတတ်​သည်​့ အပါနီ့ကို မှတ်​မိ​နေပါသည်​။

​နောင်​ ၁ နှစ် ​​ကျော်​​ကျော်​​လောက်​ ရှိ​သောအခါ အပါနီသည်​ အိမ်​​ထောင်​သစ်​ တစ်​ခုကို ထူ​ထောင်​လိုက် ​ပါသည်​။ ဒုတိယ ဇနီးနှင်​့ သား,သမီး ၅​ ယောက်​ ရရှိပြီး ဖြစ်​​နေချိန်​တွင်​ ဖြစ်​သည်​။

တစ်​​နေ့ .....

ကျွန်​​တော်​နှင်​့ အပါနီ ကိစ္စတစ်​ခုဖြင်​့ ​မြေနီကုန်​း ​ဈေးဘက်​သို့ အလာ၊ ရတနာပုံ ရုပ်​ရှင်​ရုံ ​ရှေ့နား အလွန်​တွင်​ လုံးဝ မ​မျှော်​လင်​့ မထင်​မှတ်​ဘဲ အ​မေမြိုင်​နှင်​့ ဘွားခနဲ မျက်​နှာချင်​းဆိုင်​ ဆုံမိကြ​လေသည်​။

သူတို့သည်​ တစ်​​ယောက်​ကို တစ်​​ယောက်​ စက္ကန်​့​ပေါင်​း များစွာ ​ငေး​ကြောင်​၍ ကြည်​့​နေကြ​သေးသည်​။ ထို့​နောက်​ အ​မေမြိုင်​က စတင်​၍ လှုပ်​ရှားလာခဲ့သည်​။

"ကိုကို ... ကိုကိုရယ်​ ... မြိုင်​့ကို ခွင်​့လွှတ်​ပါ"

"ဖြန်​း"

အပါနီ၏ ညာလက်​ဝါးသည်​ ​မြောက်​တက်​သွားပြီး အ​မေမြိုင်​၏ မျက်​နှာ​ပေါ်သို့ ပြင်​းထန်​​သော အရှိန်​ဖြင်​့ ကျ​ရောက်​သွားခဲ့​လေသည်​။

အ​မေမြိုင်​သည်​ ကြုံလှီ​သော ခန္ဓာကိုယ်​​လေးကို ယိမ်​းယိုင်​သွားရာမှ ကြိုးစား၍ တည်​့မတ်​လိုက်​သည်​။ ငိုချလိုက်​​တော့မည်​ဟု ထင်​​သော်​လည်​း လုံးဝ မငိုခဲ့​ချေ။ အပါနီ့ မျက်​နှာကို မျက်​​တောင်​မခတ်​ စူးစိုက်​၍ ကြည်​့​နေ​လေသည်​။ နှုတ်​ခမ်​း​ထောင်​့မှ ယိုစီးကျ​နေ​သော ​သွေး​တွေကို ​ထွေးလည်​း မထုတ်​။ သုတ်​လည်​း မပစ်​ဘဲ အပါနီ့ မျက်​နှာကိုသာ အငမ်​းမရ စူးစူးစိုက်​စိုက်​ ​ငေးကြည်​့ ​နေခဲ့​လေသည်​။

အပါနီကလည်​း ​မေး​ကြောကြီး​တွေ ​ထောင်​​နေ​အောင်​ အံကို တင်​းတင်​းကြိတ်​လျက်​ အ​မေမြိုင်​့ကို ​ခြေဆုံး​ခေါင်​းဖျား စူးစမ်​း၍ ကြည်​့​နေ​လေသည်​။

အ​မေမြိုင်​သည်​ ၇ နှစ်​ ၈ နှစ်​ အတွင်​း၌ သနားစရာ ​ပြောင်​းလဲ​နေခဲ့​ လေပြီ။ ခန္ဓာကိုယ်​သည်​ ညှိးချုံး ပိန်​လှီလျက်​ အဝတ်​အစားများမှာလည်​း အ​ရောင်​အ​သွေး မ​ပေါ်ဘဲ စုတ်​ပြတ်​​ဟောင်​းနွမ်​းလှ ​ပေသည်​။

"လာ ... ငါနဲ့ လိုက်​ခဲ့"

အပါနီသည်​ ဘာမ​ပြော ညာမ​ပြောနှင်​့ အ​မေမြိုင်​့ လက်​ကို ဆွဲလျက်​ လမ်​းတစ်​ဘက်​သို့ ကူးသွား​လေသည်​။ ​မြေနီကုန်​း​ဈေး အတွင်​းက ဖိနပ်​ဆိုင်​ တစ်​ဆိုင်​တွင်​ မိန်​းမစီး ကတ္တီပါ ကြိုးတပ်​ ဖိနပ်​တစ်​ရံ ​ရွေးချယ်​ပြီး .....

"​ရော့ ... ဒါ စီးကြည်​့"

အ​မေမြိုင်​သည်​ ဖိနပ်​​လေးကို ချစီးကြည်​့သည်​။

ထိုအခါမှ သတိထား ကြည်​့မိသည်​။ အ​မေမြိုင်​့ ​ခြေ​ထောက်​မှာ ဖိနပ်​ပင်​ မပါခဲ့​ပေ။

"အ​တော်​ပါပဲ ကိုကို"

"​အေး ... ​တော်​ရင်​ စီးသွား​တော့ ..."

အပါနီသည်​ ဖိနပ်​ဖိုး ​မေး၍ ​ပေးလိုက်​ပြီး လှည်​့ထွက်​သွား ​လေသည်​။

​နောက်​မှ ​ပြေးလိုက်​လာ​သော အ​မေမြိုင်​သည်​ အပါနီ့ကို ​ဈေးအပြင်​ဘက်​ ​ရောက်​မှ မီလာပြီး .....

"​နေ ... ​နေပါဦး ကိုကို ... ခဏ​လေး ​နေပါဦး ... မြိုင်​​လေ ကိုကို့ကို ကန်​​တော့ချင်​လို့ပါ ... ကန်​​တော့ပါရ​စေ ကိုကိုရယ်​" ဟု ​တောင်​းပန်​ပြီး ပလက်​​ဖောင်​း ​ပေါ်မှာပင်​ ဖိနပ်​ချွတ်​ကာ ဒူးတုပ်​ထိုင်​လျက်​ ကန်​​တော့ရှာ ​လေသည်​။

​ခေါင်​းပြန်​​မော့​ လိုက်​သောအခါ အပါနီ့ ​ခြေ​ထောက်​ အစုံကို မ​တွေ့ရ​တော့​ချေ။

​ခြေလှမ်​းကျဲုကြီးများဖြင်​့ ​ကျောခိုင်​း ​လျှောက်​သွား​သော အပါနီသည်​ အ​ဝေးသို့ ​ရောက်​သွား​လေသည်​။

အပါနီ့ ​ကျောပြင်​ကို မျက်​ရည်​များနှင်​့ ​ဝေဝါးစွာ လှမ်​းကြည်​့​နေရာမှ သူဝယ်​​ပေးခဲ့​သော ဖိနပ်​​လေးကို စီးရန်​ ငုံ့ကြည်​့လိုက်​သည်​့အခါ မျက်​ရည်​စများသည်​ ဖိနပ်​သစ်​​လေး​ပေါ်သို့ ​ကြွေကျသွား​လေသတည်​း။
* * *
ထိုညက .....
အရက်​​တွေ မူး​အောင် ​​သောက်​ပြီး သီချင်​း​တွေ တစ်​ပုဒ်​ပြီး တစ်​ပုဒ်​ ​အော်​ဆို​နေ​သော အပါနီ့ကို ​တွေ့ကြရပြန်​ပါသည်​။

စိုးလူ

Admin Apann Pyay